Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နမခ စစ်ကြောင်းကိုတိုက်ခိုက် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး ၇ ဦးဖမ်းမိ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်း၌  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၇ ဦးဖမ်းမိ ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။

Photo - အမှတ်(၁)စစ်ဒေသ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ထွက်လာသော စစ်ကောင်စီ ထပရ-၉၂၉ နှင့် တပ်မ-၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထိတွေ့မှုအတွင်း စစ်ကောင်စီ  အမတ-၅ဝ၈ မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နမခ မှ သံပြားကာကား (၄) စီး တပ်ကူ ပေးပို့ခဲ့ကြောင်းသိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ (၁၅) ဦး သေဆုံး (စိစစ်ဆဲ)ပြီး (၇) ဦး ဖမ်းဆီးရမိကာ  ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဌင်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅ဝဝဝ) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ  ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး (၃) လုံး၊ Jummer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံး၊ Uzi ကျည်အိမ် (၂) ခု သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။

ဌင်းစစ်ဆင်ရေးအား မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်သည်။ 

Bagan News 


Comments