Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နမခ စစ်ကြောင်းကိုတိုက်ခိုက် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး ၇ ဦးဖမ်းမိ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်း၌  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၇ ဦးဖမ်းမိ ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။

Photo - အမှတ်(၁)စစ်ဒေသ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ထွက်လာသော စစ်ကောင်စီ ထပရ-၉၂၉ နှင့် တပ်မ-၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထိတွေ့မှုအတွင်း စစ်ကောင်စီ  အမတ-၅ဝ၈ မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နမခ မှ သံပြားကာကား (၄) စီး တပ်ကူ ပေးပို့ခဲ့ကြောင်းသိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ (၁၅) ဦး သေဆုံး (စိစစ်ဆဲ)ပြီး (၇) ဦး ဖမ်းဆီးရမိကာ  ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဌင်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅ဝဝဝ) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ  ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး (၃) လုံး၊ Jummer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံး၊ Uzi ကျည်အိမ် (၂) ခု သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။

ဌင်းစစ်ဆင်ရေးအား မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်သည်။ 

Bagan News 


Comments