Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ပုသိမ်-မုံရွာကားလမ်းအပိုင်းအား အထက်မင်းလှမြို့နယ် ပကဖ ရှောင်တခင်စစ်ဆေး

စစ်ရေးတင်းမာနေသည့် ပုသိမ်-မုံရွာကားလမ်းအပိုင်းရှိ ယာဉ်သွားယာဉ်လာများအားရှောင်တခင်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်ရှိ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများအား စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးအား ဆောင်ရွက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှသိရသည်။ 

ဓာတ်ပုံ - အထက်မင်းလှမြို့နယ် ပကဖ
ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များတွင်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထူးပင် ကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှထုတ်ပြန်သည်။ 

စစ်ရေးအခြေအနေများအရ ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကန်တုတ် ၊လက်ပံတံခါး ၊ရှမ်းတပ် တိုက်နယ်အတွင်း ကျေးရွာများရှိပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် အထက်မင်းလှမြို့နယ် ပကဖက အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ ကျေးရွာဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားဝန်းကျင်အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြုကာ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်များသည် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတွင်း တပ်စွဲ အထိုင်ချနေသည့်အတွက် အထူးဂရုစိုက်သွားလာကြရန် အထက်မင်းလှမြို့နယ် ပကဖက အရေးပေါ်စစ်ရေးသတင်းထုတ်ပြန်သည်။

Bagan News 


Comments