Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပုသိမ်-မုံရွာကားလမ်းအပိုင်းအား အထက်မင်းလှမြို့နယ် ပကဖ ရှောင်တခင်စစ်ဆေး

စစ်ရေးတင်းမာနေသည့် ပုသိမ်-မုံရွာကားလမ်းအပိုင်းရှိ ယာဉ်သွားယာဉ်လာများအားရှောင်တခင်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်ရှိ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများအား စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးအား ဆောင်ရွက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှသိရသည်။ 

ဓာတ်ပုံ - အထက်မင်းလှမြို့နယ် ပကဖ
ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များတွင်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထူးပင် ကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှထုတ်ပြန်သည်။ 

စစ်ရေးအခြေအနေများအရ ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကန်တုတ် ၊လက်ပံတံခါး ၊ရှမ်းတပ် တိုက်နယ်အတွင်း ကျေးရွာများရှိပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် အထက်မင်းလှမြို့နယ် ပကဖက အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ ကျေးရွာဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားဝန်းကျင်အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြုကာ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်များသည် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတွင်း တပ်စွဲ အထိုင်ချနေသည့်အတွက် အထူးဂရုစိုက်သွားလာကြရန် အထက်မင်းလှမြို့နယ် ပကဖက အရေးပေါ်စစ်ရေးသတင်းထုတ်ပြန်သည်။

Bagan News 


Comments