Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျ သေဆုံးသူများအား သင်္ဂြိုဟ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာ တွင်  နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာ သေဆုံးသွားသူများအား ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့  နံနက်ပိုင်းတွင် စပေါ့ကျေးရွာ အဓိပတိလုပ်ကွက်ရှိ နွံကန်ပြိုကျမှုကြောင့် ကျောက်စိမ်းတူးဖော်သည့် ရေမဆေးသမားနှင့် ပြည်သူ များနေထိုင်သည့် လူနေအိမ် ၅ဝ ခန့်နစ်မြုပ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သေဆုံး ရုပ်အလောင်း ၁၅ ဦး အားတွေ့ရှိထားကြောင်း ဒေသခံများကပြောသည်။ 

Photo - မှော်မင်းသား 
သေဆုံးခဲ့သည့် လူကြီး၊ ကလေး များအား ဆုတောင်းပွဲနှင့် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိရုပ်အလောင်းများကိုလည်း ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း မှော်မင်းသား-ပရဟိတအဖွဲ့မှသိရသည်။

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာလူသေဆုံးမှုများရှိနေသလို ဇန်နဝါရီလ (၁၃)ရက်နေ့တွင် လည်း စစ်ကောင်စီတပ်မှ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာနှင့် ဆန်ခါကျေးရွာဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၇)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။

Bagan News 

Comments