Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျ သေဆုံးသူများအား သင်္ဂြိုဟ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာ တွင်  နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာ သေဆုံးသွားသူများအား ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့  နံနက်ပိုင်းတွင် စပေါ့ကျေးရွာ အဓိပတိလုပ်ကွက်ရှိ နွံကန်ပြိုကျမှုကြောင့် ကျောက်စိမ်းတူးဖော်သည့် ရေမဆေးသမားနှင့် ပြည်သူ များနေထိုင်သည့် လူနေအိမ် ၅ဝ ခန့်နစ်မြုပ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သေဆုံး ရုပ်အလောင်း ၁၅ ဦး အားတွေ့ရှိထားကြောင်း ဒေသခံများကပြောသည်။ 

Photo - မှော်မင်းသား 
သေဆုံးခဲ့သည့် လူကြီး၊ ကလေး များအား ဆုတောင်းပွဲနှင့် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိရုပ်အလောင်းများကိုလည်း ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း မှော်မင်းသား-ပရဟိတအဖွဲ့မှသိရသည်။

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာလူသေဆုံးမှုများရှိနေသလို ဇန်နဝါရီလ (၁၃)ရက်နေ့တွင် လည်း စစ်ကောင်စီတပ်မှ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာနှင့် ဆန်ခါကျေးရွာဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၇)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။

Bagan News 

Comments