ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့၌ နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာ သေဆုံးသွားသည့် အရေအတွက်မှာ ၃၁ ဦးရှိကြောင်း ဒေသခံများမှသိရသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ညနှင့် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်တွင် ရုပ်အလောင်း ၁ဝ လောင်း ထပ်မှန်တွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းအား ဗုဒ္ဓဘာသာ လုပ်ထုံးနှင့်အညီ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း မှော်မင်းသား-ပရဟိတအဖွဲ့မှသိရသည်။
![]() |
| Photo - မှော်မင်းသား |

Comments
Post a Comment