Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄ဝဝ ကျော်သေဆုံး တော်လှန်ရေး ရဲဘော် ၄ဝ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၊  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ နယ်မြေတွင် ၂၀၂၄ ခုနှစ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၄၁၃) ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၄ဝ) ဦးကျဆုံး ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်သည်။ 

NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည်။

စစ်ဒေသခွဲ အမှတ် ၃ ဗျူဟာ ၃၂ ‌စစ်ကြောင်းများတွင် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှသိရသည်။ 

၂၀၂၄ ခုနှစ်အတွင်း တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို ထိတွေ့တိုက်ပွဲပေါင်း (၈၈) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနှင့် ကာကင်းတပ်စခန်းငယ် (၁၁)ခုတို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ 

၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၄၁၃) ဦး သေဆုံးကာ (၃၁၄) ဦး ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှသိရသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲက သိမ်းဆည်းရမိခဲ့ပြီး တနှစ်အတွင်း စစ်ကောင်စီတပ်သားဦးရေ လက်နက်ဖြင့် (၁၇)ဦး၊ လက်နက်မဲ့ (၆)ဦး ‌စုစုပေါင်း (၂၃)ဦး အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

ထို့အပြင် တိုက်ပွဲများအတွင်း စစ်သုံပန်း (၂၁) ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်လျှောက်ထားသည်။ 

ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် (၁ဝဝ) ကျော်နှင့် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆၃၇၄) ကြိမ်နှင့်အထက် ရှိခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲဘက်မှ ရဲဘော် (၄ဝ) ဦး ကျဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ (၁၉ဝ) ဦး ရှိခဲ့ကြောင်း သိရသည်။

Photo - တောင်ပိုင်းစစ်ဒေသ၊ မြဝတီမြို့နယ် ၊ လေးကေ့ကော်မြို့သစ် အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းအား ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ တွင်သိမ်းပိုက်ခဲ့သည့်မှတ်တမ်း။  

Bagan News 

Comments