Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်မှ စစ်ကောင်စီတပ်သား ၄ ဦး အလင်းဝင်

 စစ်ကိုင်းတိုင်း‌ ၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(န.မ.ခ) တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းအပတ်စဉ်(၅)မှ စစ်ကောင်စီတပ်သား ၄ ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြိုနယ် ရွေ့လျားစစ်ကြောင်း)မှထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သား ၄ ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် မုံရွာ န.မ.ခ မှ ထွက်ပြေးလာခြင်းဖြစ်ပြီး မဟာမိတ်စစ်ကြောင်း တပ်ဖွဲဝင်များနှင့်တွေ့ဆုံကာ အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။ 

"ရှမ်းပြည်ဘက် အလုပ်လုပ်ဖို သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့  ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်" ဟု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတဦးကပြောသည်။ 

Photo - Budalin Mobile Team-BMT
အဆိုပါ အလင်းဝင်လာသည့် တပ်သားများသည် တပ်မ(၇၇) လက်အောက်ခံ အမှတ်(၁၀၅)တပ်ရင်းမှ စစ်မှုထမ်းအပတ်စဉ်(၅) သင်တန်းဆင်းများ ဖြစ်ကြပြီး ၊ လုံခြုံရေးတာဝန်ဖြင့် န.မ.ခ တွင် ရောက်ရှိနေစဉ် BMTနှင့် မဟာမိတ်တပ်ပေါင်းစုထံ အလင်းဝင်လာခြင်းဖြစ်သည်။

တပ်သားများသည် ကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင် နှင့် အေးမင်းထွန်း တို့ဖြစ်ကြပြီး ၊ ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းခြင်း ခံရသူများ ဖြစ်သည်။

"အဖွဲအစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်" ဟု Budalin Mobile Team-BMT မှထုတ်ပြန်သည်။ 

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား  မဟာမိတ်တပ်ပေါင်းစုမှ တဦးလျှင် ငွေသား ကျပ်သိန်း ၃ဝ ဆုချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာနေထိုင်ခွင့်ပေးပြီး မိသားစု၊ဆွေးမျိုးများနှင့် တွေ့ဆုံဖို့ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း Budalin Mobile Team-BMT မှထုတ်ပြန်သည်။ 

Bagan News 




Comments