Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရေပူနှင့် ဘုရားတောင်ကျေးရွာအတွင်းတွင် စစ်ကောင်စီပစ်ခတ်ရာက မပေါက်ကွဲပဲ ကျန်ရှိ‌နေသော လက်နက်ကြီးဗုံးသီး ၁၂ဝ မမ ကို အမှတ် ၁ဝဝ၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များမှ တူးဖော်ခဲ့ကြသည်။

Photo - Inle People Defense Force

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂ဝ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ရေပူနှင့် ဘုရားတောင်ကျေးရွာတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

ဌင်းပစ်ခတ်မှုကြောင့် ပြည်သူ ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှသိရသည်။



Comments