Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဗုံးကြဲ မှုကြောင့် ဒေသခံ ၉ ဦး သေဆုံး

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

Photo - TNLA 

ယမန်နေ့၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး(၂)ဦးဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်တွင်လည်း  နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီးအား  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA  မှထုတ်ပြန်သည်။ 

ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်မှ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံများကို TNLA မီးသတ်ဌာန၊ ရဲဌာနနှင့် ပြည်သူများမှ ဝိုင်းဝန် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်းသိရသည်။ 

Bagan News 




Comments