Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဗုံးကြဲ မှုကြောင့် ဒေသခံ ၉ ဦး သေဆုံး

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

Photo - TNLA 

ယမန်နေ့၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး(၂)ဦးဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်တွင်လည်း  နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီးအား  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA  မှထုတ်ပြန်သည်။ 

ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်မှ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံများကို TNLA မီးသတ်ဌာန၊ ရဲဌာနနှင့် ပြည်သူများမှ ဝိုင်းဝန် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်းသိရသည်။ 

Bagan News 




Comments