Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ငဖဲမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီ ဗိုလ်ကြီးအပါ ၁ဝ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းရှိ တိုက်ပွဲများတွင် စစ်ကောင်စီ ခမရ (၁၁၃) မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၁) ဦးအပါအဝင် (၁ဝ) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ယနေ့ထုတ်ပြန်သည်။ 

Photo - PRA-Magway
ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့တွင် အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃ဝ) ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ (၄) ဦးသေဆုံးကာ(၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဌင်းပြင် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ ပဒါန်းဘက်မှတက်လာသော စစ်ကောင်စီအင်အား (၁ဝဝ) ခန့် ပါဝင်သော ခဲယမ်းတင်ကား (၄) စီးကို PRA-Magway မှ ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ 

ဌင်းတိုက်ပွဲတွင် စစ်ကောင်စီကား (၁) စီး ပျက်စီးသွားခဲ့ပြီး (၅) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ 

ဇန်နဝါရီလ အတွင်း တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့ကာ စစ်ပွဲများမှထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း PRA-Magway မှ ထုတ်ပြန်သည်။ 

တိုက်ပွဲများမှ ၆ဝ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ပြီး မြေပြန့်ဒေသများအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဟု PRA-Magway မှ ထုတ်ပြန်သည်။ 

Bagan News 





Comments