Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ငဖဲမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီ ဗိုလ်ကြီးအပါ ၁ဝ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းရှိ တိုက်ပွဲများတွင် စစ်ကောင်စီ ခမရ (၁၁၃) မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၁) ဦးအပါအဝင် (၁ဝ) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ယနေ့ထုတ်ပြန်သည်။ 

Photo - PRA-Magway
ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့တွင် အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃ဝ) ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ (၄) ဦးသေဆုံးကာ(၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဌင်းပြင် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ ပဒါန်းဘက်မှတက်လာသော စစ်ကောင်စီအင်အား (၁ဝဝ) ခန့် ပါဝင်သော ခဲယမ်းတင်ကား (၄) စီးကို PRA-Magway မှ ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ 

ဌင်းတိုက်ပွဲတွင် စစ်ကောင်စီကား (၁) စီး ပျက်စီးသွားခဲ့ပြီး (၅) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ 

ဇန်နဝါရီလ အတွင်း တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့ကာ စစ်ပွဲများမှထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း PRA-Magway မှ ထုတ်ပြန်သည်။ 

တိုက်ပွဲများမှ ၆ဝ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ပြီး မြေပြန့်ဒေသများအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဟု PRA-Magway မှ ထုတ်ပြန်သည်။ 

Bagan News 





Comments