Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ အဆိပ်ကျည်ဖြင့် ပစ်ခတ် ရဲဘော်အချို့ မူးဝေအော့အန်ခြင်း ဖြစ်ပေါ်

 ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများအား စစ်ကောင်စီတပ်မှ အဆိပ်ပါဝင်သည့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAမှထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် သာမန်လက်နက်ကြီးများသာမက လက်နက်ကြီးပစ်ခတ်မှုတွင် အဆိပ်များဖြင့်ပါ အသုံးပြုတိုက်ခိုက်လာကြောင်း PNLA ကဆိုသည်။

Photo - PNLA (စစ်ကောင်စီ၏ အဆိပ်ပါဝင်သည့်လက်နက်)
ယမန်နေ့ ၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် စစ်ကောင်စီက ပစ်ခတ်လာသည့် လက်နက်ကြီးကျည် ၁ လုံးကို  တူးဖော်ရရှိခဲ့ပြီး ထိုမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။ 

ထိုအဆိပ်ကျည်မှာ ကျည်ပေါ်တွင် အဆိပ် ဟုရေးသားထားသည်ကို တွေ့ရှိရပြီး အဆိပ်ထွက်ပေါက်များပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ ယခုတွေ့ရှိမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီမှ ပစ်ခတ်သည့် အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော်အချို့မှာ အရေပြားယားယံခြင်း ၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည်များ ခံစားခဲ့ရကြောင်း PNLA မှထုတ်ပြန်သည်။ 

ထို့အပြင် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ် အင်အား ၇ဝဝ ကျော်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ဆီဆိုင်မြို့နယ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အရှေ့ခြမ်းရှိ ပအိုဝ်းကျေးရွာများအားဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၄ ကြိမ် ၊ ၂၃ ရက်တွင် ၂ ကြိမ် ၊ ၂၄ ရက်တွက် ၂ ကြိမ် ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူ ၄ ထောင်ကျော်ခန့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ 

စစ်ကောင်စီက လက်နက်ကြီးများ ၊ ဒရုန်းများ ၊ မီးလောင်ဗုံးများ၊ တိုက် လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့်  ဆီဆိုင်မြို့နယ် ထီစုံကျေးရွာရှိ  နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။ 

Bagan News 




Comments