Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ အဆိပ်ကျည်ဖြင့် ပစ်ခတ် ရဲဘော်အချို့ မူးဝေအော့အန်ခြင်း ဖြစ်ပေါ်

 ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများအား စစ်ကောင်စီတပ်မှ အဆိပ်ပါဝင်သည့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAမှထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် သာမန်လက်နက်ကြီးများသာမက လက်နက်ကြီးပစ်ခတ်မှုတွင် အဆိပ်များဖြင့်ပါ အသုံးပြုတိုက်ခိုက်လာကြောင်း PNLA ကဆိုသည်။

Photo - PNLA (စစ်ကောင်စီ၏ အဆိပ်ပါဝင်သည့်လက်နက်)
ယမန်နေ့ ၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် စစ်ကောင်စီက ပစ်ခတ်လာသည့် လက်နက်ကြီးကျည် ၁ လုံးကို  တူးဖော်ရရှိခဲ့ပြီး ထိုမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။ 

ထိုအဆိပ်ကျည်မှာ ကျည်ပေါ်တွင် အဆိပ် ဟုရေးသားထားသည်ကို တွေ့ရှိရပြီး အဆိပ်ထွက်ပေါက်များပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ ယခုတွေ့ရှိမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီမှ ပစ်ခတ်သည့် အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော်အချို့မှာ အရေပြားယားယံခြင်း ၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည်များ ခံစားခဲ့ရကြောင်း PNLA မှထုတ်ပြန်သည်။ 

ထို့အပြင် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ် အင်အား ၇ဝဝ ကျော်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ဆီဆိုင်မြို့နယ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အရှေ့ခြမ်းရှိ ပအိုဝ်းကျေးရွာများအားဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၄ ကြိမ် ၊ ၂၃ ရက်တွင် ၂ ကြိမ် ၊ ၂၄ ရက်တွက် ၂ ကြိမ် ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူ ၄ ထောင်ကျော်ခန့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ 

စစ်ကောင်စီက လက်နက်ကြီးများ ၊ ဒရုန်းများ ၊ မီးလောင်ဗုံးများ၊ တိုက် လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့်  ဆီဆိုင်မြို့နယ် ထီစုံကျေးရွာရှိ  နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။ 

Bagan News 




Comments