Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမား ၄၃ ဦး အကျဉ်းကျခံနေရ

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှယနေ့ထုတ်ပြန်သည်။ 

အကျဉ်းချခံထားရဆဲ  သတင်းမီဒီယာသမားများတွင်   ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၁) ဦး ပါဝင်သည်။  

ထိုသူများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင်တသက်နှင့်   အနိမ့်ဆုံးပြစ်ဒဏ်   ထောင် (၁ဝ) နှစ် ကျခံထားရသူများ ဖြစ်သည်။    

ယင်းတို့အနက် ကျန်ရှိသူများသည် အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၁၀)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရကြောင်း  IPCM ကထုတ်ပြန်သည်။ 

ဓာတ်ပုံ - ၂ဝ၂၁ ခုနှစ် ဖေဖောဝါရီလ စစ်တပ်အာဏာသိမ်းကာလ ရန်ကုန်မြို့မြင်ကွင်း။ (Photo - Reuters)
ဌင်းပြင် စစ်ကောင်စီ၏  ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော  သတင်းမီဒီယာသမား များလည်း ၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ  ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလထိ စုစုပေါင်း(၇)ဦး ရှိခဲ့သည်။ 

ထိုသူများ သည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများဖြစ်ကြောင်းသိရသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ  ၂ဝ၂၅-ခုနှစ်၊  ဇန်နဝါရီလအတွင်း သတင်းမီဒီယာသမား (၂ဝဝ)ကျော် ကို စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅-က၊ ၅ဝ၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊   ပို့ကုန်သွင်းကုန် ဥပဒေ၊  ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊     သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မများ  အစရှိသည့် ရာဇဝတ်မှုများဖြင့်အရေးယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင်  စစ်ကောင်စီသည်  သတင်းမီဒီယာလုပ်ငန်း  (၁၅)ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့သည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးဆုံးသတင်းလွတ်လပ်ခွင့်ထိပါးဖိနှိပ်ခံရသော  ထိပ်တန်းနိုင်ငံများစာရင်းတွင်ပါဝင်နေသည် အထိ အန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း  IPCM ကထုတ်ပြန်သည်။  သတင်းမီဒီယာ သမားများ   ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများ အတွက် တာဝန်ခံမှုရှိစေရန် လိုအပ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကတောင်းဆိုထားသည်။

Bagan News 

Comments