Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေးမြို့တိုက်ပွဲတွင် စစ်ကောင်စီ အရာရှိအပါ ၇ဝ ခန့်‌‌သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ရှိ စကခ - ၁၉ နှင့် ၄ မိုင်အကွာ ကျုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများအကြား  ဇန်နဝါရီလ ၉ ရက်နေ့မှ စကာတိုက်ပွဲပြင်းထန်လျှက်ရှိသည်။ 

ဌင်းတိုက်ပွဲများတွင် စစ်ကောင်စီ ဘက်မှ အရာရှိအပါ ၇ဝ ဦးခန့်‌‌သေဆုံးခဲ့ကာ ၃ဝ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Spring Phoenix Force မှယနေ့ထုတ်ပြန်သည်။

Photo - Spring Phoenix Force
စစ်ကောင်စီလက်အောက်ခံတပ်များမှ အင်အားအလုံးအရင်းနှင့်  စစ်ကြောင်းထိုးနေပြီး မွန်၊ ကရင်၊ တော်လှန်ရေးမဟာမိတ်အင်အားစုတို့နှင့်ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိနေကြောင်း Spring Phoenix Force တပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီမှ လေကြောင်းပစ်ကူ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဘိုကလေး ဘုန်းကြီးကျောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်လျှက်ရှိပြီး စစ်ကောင်စီမှ စကခ - ၁၉ လက်အောက်ခံ ခလရ - ၃၁၊ ခလရ - ၆၁၊ ခလရ - ၁၀၆၊ ခမရ - ၂၉၉၊ ခမရ - ၃၄၃၊ ခမရ - ၅၈၆၊ ခမရ - ၅၈၇၊ ခမရ - ၅၈၃၊ ခမရ - ၅၉၁၊ အမတ - ၃၁၆ တို့မှ အင်အားများဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်းသိရသည်။

Spring  Fhoenix Force SPF တပ်ဖွဲ့ နှင့် မွန်၊ ကရင် တော်လှန်ရေးမဟာမိတ်အင်အားစုများမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိပြီး (မစိုးရိမ်ရ)၊ ထိခိုက်ကျဆုံးမှုမရှိကြောင်း SPF တပ်ဖွဲ့ ကထုတ်ပြန်သည်။

Bagan News 




Comments