ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်း မှ ရဲဘော် ၄ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၉ရက်နေ့တွင် လက်နက် ၃ လက် ၊ ခဲယမ်း ၊ ကျည်ဘောက် မိုင်းများ နှင့် အတူ အလင်းဝင်ရောက် ပူးပေါင်းလာခဲ့ကြောင်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ် (Loikaw Local PDF)မှထုတ်ပြန်သည်။
ဌင်းတပ်သား များသည် ပြည်သူစစ်မူ့ထမ်း ဥပဒေ ထုတ်ပြန်ပြီး မကြာမှီ ရှောင်တစ်ခင် အဖမ်းအဆီး ခံခဲ့ရပြီး အတင်းအဓ္ဓမ လူသစ်စုဆောင်းခံ ခဲ့ရသော ပြည်သူ့စစ်မူထမ်းများဖြစ်သည်။
![]() |
| ဓာတ်ပုံ - Loikaw Local PDF |

Comments
Post a Comment