Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

လွိုင်‌ကော်မြို့နယ် ခမရ ၄၂၉ တပ်ရင်းက ရဲဘော် ၄ ဦး အလင်းဝင်

ကရင်နီ(ကယား)ပြည်နယ် လွိုင်‌ကော်မြို့နယ်  ဘောလခဲ အခြေစိုက်  ခမရ ၄၂၉ တပ်ရင်း မှ ရဲဘော် ၄ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၉ရက်နေ့တွင် လက်နက် ၃ လက် ၊ ခဲယမ်း ၊ ကျည်ဘောက်  မိုင်းများ နှင့် အတူ အလင်းဝင်ရောက် ပူးပေါင်းလာခဲ့ကြောင်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ် (Loikaw Local PDF)မှထုတ်ပြန်သည်။ 

ဌင်းတပ်သား များသည်  ပြည်သူစစ်မူ့ထမ်း ဥပဒေ ထုတ်ပြန်ပြီး မကြာမှီ ရှောင်တစ်ခင် အဖမ်းအဆီး ခံခဲ့ရပြီး အတင်းအဓ္ဓမ လူသစ်စုဆောင်းခံ ခဲ့ရသော ပြည်သူ့စစ်မူထမ်းများဖြစ်သည်။

ဓာတ်ပုံ - Loikaw Local PDF
အလင်းဝင်ရောက်လာသော တပ်သားများအားလုံခြုံ သောနေရာတွင် ထားရှိထားပြီး တပ်သားများ၏ ဆန္ဒ အလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များ အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Loikaw Local PDF မှသိရသည်။

Bagan News 







Comments