Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီမှ ပေါ်တာဆွဲဖမ်းဆီး

 စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်မှ အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊နဂါးပေါ်ရွာနှင် ပုပ္ပါးရွာတို့မှ ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်ဖွဲ့၊ပျူနှင့် ကန့်ဘလူမြို့နယ် ရဲမှူးအပါအဝင် ရဲများမှ အင်အားအလုံးအရင်းဖြင့် အဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ 
ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ကန့်ဘလူမြို့မှ  မြို့နယ်ရဲမှူးအပါအဝင် ယူနီ‌ဖောင်းအစုံအင်အားအပြည့်ဖြင့်   ရဲကား ၃ စီးသည် ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ပြီး၊ စစ်ကောင်စီတပ်၊ပျူစောထီးများနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များအား အဓမ္မလိုက်လံ ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်၊ပျူနှင့်ရဲပူးပေါင်းအဖွဲ့သည် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာအတွင်းသို ကားများဖြင့်ဝင်ရောက်ခဲ့ပြီး ပြည်သူများအား အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ဇီးကုန်းသကြားစက်သို့ ကား ၄ စီးဖြင့် ခေါ်ဆောင်သွားကြောင်းသိရသည်။

“သားသမီးပါသွားတဲ့ မိဘတွေတော့ အရူးတပိုင်းဖြစ်နေတယ်၊ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊မတတ်နိုင်တဲ့သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” ဟု ဒေသခံတဦးက ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးခံရသူများအား ဇီးကုန်းသကြားစက်သို့ခေါ်ဆောင်သွားပြီး နောက် ကန့်ဘလူ ၆ဝဝ၆ တပ်သို့ပို့ဆောင်နိုင်ကြောင်း ဒေသခံများကခန့်မှန်းသည်။ 

ကန့်ဘလူမြို့နယ် အတွင်းတွင် ပျူခေါင်းဆောင်ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများမှဦးဆောင်ကာ စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် အားတက်သရောလုပ်ဆောင်ခဲ့ကြကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

Bagan News 


Comments