Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် ၂၁ ဦးသေဆုံး

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင်  ဇန်နဝါရီလ ၃၁ ရက်နေ့၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၁)ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး ဖမ်းဆီးရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - Natogyi People Defence Force 
နွားထိုးကြီးမြို့နယ် ပြင်စည် စခန်းမှ ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး အောင်ဇော်မင်း တို့ဦးဆောင်သောစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ် စိန်ပန်းကန်ကျေးရွာ နှင့် တောကန်ကြီး ကျေးရွာ အကြား သို့ ရောက်ရှိနေစဉ် Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ်(၁ဝ)တပ်ရင်းတို့မှ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ပွဲ အချိန်(၃)နာရီ နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဌင်းတိုက်ပွဲမှ လက်နက်(၃၉)လက် ခဲယမ်းအမြောက်များရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။ 

Bagan News 





Comments