ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၁)ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး ဖမ်းဆီးရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။
![]() |
| ဓာတ်ပုံ - Natogyi People Defence Force |
တိုက်ပွဲ အချိန်(၃)နာရီ နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဌင်းတိုက်ပွဲမှ လက်နက်(၃၉)လက် ခဲယမ်းအမြောက်များရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။

Comments
Post a Comment