Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁၆ ဦး လက်နက်များဖြင့် အလင်းဝင်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး စည် ဇန်နဝါရီလ ၇ ရက်နေ့နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

ဓာတ်ပုံ- တောင်ပိုင်းစစ်ဒေသ

စစ်ကောင်စီတပ်သားများ ချိတ်ဆက်အလင်းဝင်လာနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

၎င်းတိုထံမှ ၈၀ မမ ၁ လက်၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁လက်၊ MA1 ၇လက်၊ MA2 ၁လက်၊ MA3 ၁လက်၊ MA4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို လာရောက်ချိတ်ဆက်ပူးပေါင်းကြရန် တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

Bagan News 





Comments