Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ပိုင်းစစ်ဒေသ တပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၃ ဦးသေဆုံး

NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် တပတ်တာအတွင်း ထိတွေ့တိုက်ပွဲ  ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၃) ဦးသေဆုံးကာ (၇၅)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ မှထုတ်ပြန်သည်။ 


၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ (၇)ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတွင်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်မှ အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင်သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေကြောင်း တောင်ပိုင်းစစ်ဒေသ မှထုတ်ပြန်သည်။ 

ထို့အပြင်  ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းဗျူဟာစခန်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော စစ်ကောင်စီ၏ တပ်ကူ သံတွဲစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနှင့် ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုကနေကြောင်းသိရသည်။

ဌင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေယာဉ် လက်နက်ကြီးများဖြင့် အပြင်းအထန်စစ်ကူပေးလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော် ၃ ဦးကျဆုံးခဲ့ကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - မြဝတီ ကော့ကရိတ် အာရှလမ်းမတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲတို့တွင် သိမ်းဆည်းရမိခဲ့သော စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့။ Photo - တောင်ပိုင်းစစ်ဒေသ

Bagan News 





Comments