Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးမြို့တွင် လူငယ် ၁၂ဝ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

မန္တလေးမြို့ (၇)မြို့နယ်အတွင်းတွင် ဇန်နဝါရီလ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ နှစ်ပတ် တာကာလ၌ လူငယ် (၁၂၂) ဦး ထက်မနည်း စစ်မှုထမ်းရန်အတွက် မတရားဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးသပိတ်အင်အားစုမှယနေ့ထုတ်ပြန်သည်။

မြေပြင်သတင်းမီဒီယာများကို အခြေခံပြီး မန္တလေးမြို့ (၇)မြို့နယ်တွင် စစ်မှုထမ်းဥပဒေကြောင့် မတရား ဖမ်းဆီးခံရသော လူငယ်များစာရင်းအား ပြုစုခဲ့ကြောင်း ၊မြေပြင်တွင် ထိုထက်မက များပြားနိုင်ကြောင်း မန္တလေးသပိတ်အင်အားစုမှသိရသည်။

မန္တလေးသပိတ်အင်အားစု စာရင်းအရ အောင်မြေသာဇံမြို့နယ်မှ (၁၉) ဦး ၊ချမ်းအေးသာဇံမြို့နယ်မှ (၁၅) ဦး၊ မဟာအောင်မြေမြို့နယ်မှ (၁၇) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ (၁၉) ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်မှ (၁၉) ဦး၊ အမရပူရမြို့နယ်မှ (၁၈) ဦး ၊ ပုသိမ်ကြီးမြို့နယ်မှ (၁၅) ဦး စုစုပေါင်း (၁၂၂) ဦး ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရသည်။

ဓာတ်ပုံ - စစ်ကောင်စီမှထုတ်ပြန်သည့် စစ်မှုထမ်းလူငယ်များ။
စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး နေ့/ညအချိန်မရွေးဖမ်းဆီးခြင်း၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေကိုအကြောင်းပြပြီး ဖမ်းဆီးခြင်း၊ အလုပ်ပြန်လာသော အခြေခံလူတန်းစား လူငယ်များအား ပစ်မှတ်ထား ဖမ်းဆီးခြင်းများအပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကို အကြောင်းပြုကာ ဖုန်းများကိုစစ်ဆေးပြီး မတရားဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများကို နေ့စဉ်ဆိုသလို ကျူးလွန်နေသည်ကို တွေ့ရှိရ ကြောင်း မန္တလေးသပိတ်အင်အားစုမှထုတ်ပြန်သည်။

လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲခရီးသွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း ထုတ်ပြန်သည်။

စစ်တပ်၏ မတရားဖမ်းဆီး စစ်မှုထမ်းခြင်း မခံရစေရန် ပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပြတ်လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာနိုင်သော အခြေအနေရှိပါက ကြိုတင်ရှောင်ရှား ထားကြရန် လိုအပ်ကြောင်း မန္တလေးသပိတ်အင်အားစုမှထုတ်ပြန်သည်။

ဌင်းပြင် မိသားစုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ကဲ့သို့ မလွှဲမရှောင်သာအခြေအနေများနှင့်ကြုံတွေ့ရပြီး တပ်သားသစ်စုဆောင်းခံရမည် ဆိုပါက တော်လှန်ရေးအဖွဲ့အစည်းများကို သတင်းပေးပို့ရန် လိုအပ်ကြောင်း ၊ စစ်ဆေးမှုများရှိနိုင်သော အခြေအနေရှိပါက ဖုန်းအတွင်းမှ VPNအပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ကြိုတင်ဖျက်ထားကြရန် မန္တလေးသပိတ်အင်အားစုမှထုတ်ပြန်သည်။



Comments