ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
မန္တလေးမြို့ (၇)မြို့နယ်အတွင်းတွင် ဇန်နဝါရီလ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ နှစ်ပတ် တာကာလ၌ လူငယ် (၁၂၂) ဦး ထက်မနည်း စစ်မှုထမ်းရန်အတွက် မတရားဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးသပိတ်အင်အားစုမှယနေ့ထုတ်ပြန်သည်။
မြေပြင်သတင်းမီဒီယာများကို အခြေခံပြီး မန္တလေးမြို့ (၇)မြို့နယ်တွင် စစ်မှုထမ်းဥပဒေကြောင့် မတရား ဖမ်းဆီးခံရသော လူငယ်များစာရင်းအား ပြုစုခဲ့ကြောင်း ၊မြေပြင်တွင် ထိုထက်မက များပြားနိုင်ကြောင်း မန္တလေးသပိတ်အင်အားစုမှသိရသည်။
မန္တလေးသပိတ်အင်အားစု စာရင်းအရ အောင်မြေသာဇံမြို့နယ်မှ (၁၉) ဦး ၊ချမ်းအေးသာဇံမြို့နယ်မှ (၁၅) ဦး၊ မဟာအောင်မြေမြို့နယ်မှ (၁၇) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ (၁၉) ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်မှ (၁၉) ဦး၊ အမရပူရမြို့နယ်မှ (၁၈) ဦး ၊ ပုသိမ်ကြီးမြို့နယ်မှ (၁၅) ဦး စုစုပေါင်း (၁၂၂) ဦး ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရသည်။
![]() |
| ဓာတ်ပုံ - စစ်ကောင်စီမှထုတ်ပြန်သည့် စစ်မှုထမ်းလူငယ်များ။ |
လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲခရီးသွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း ထုတ်ပြန်သည်။
စစ်တပ်၏ မတရားဖမ်းဆီး စစ်မှုထမ်းခြင်း မခံရစေရန် ပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပြတ်လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာနိုင်သော အခြေအနေရှိပါက ကြိုတင်ရှောင်ရှား ထားကြရန် လိုအပ်ကြောင်း မန္တလေးသပိတ်အင်အားစုမှထုတ်ပြန်သည်။
ဌင်းပြင် မိသားစုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ကဲ့သို့ မလွှဲမရှောင်သာအခြေအနေများနှင့်ကြုံတွေ့ရပြီး တပ်သားသစ်စုဆောင်းခံရမည် ဆိုပါက တော်လှန်ရေးအဖွဲ့အစည်းများကို သတင်းပေးပို့ရန် လိုအပ်ကြောင်း ၊ စစ်ဆေးမှုများရှိနိုင်သော အခြေအနေရှိပါက ဖုန်းအတွင်းမှ VPNအပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ကြိုတင်ဖျက်ထားကြရန် မန္တလေးသပိတ်အင်အားစုမှထုတ်ပြန်သည်။

Comments
Post a Comment