Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ယောဒေသ စန်းမြို့ စစ်ရှောင်စခန်းတွင် ယားနာရောဂါဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ယောဒေသ၊ စန်းမြို့စစ်ရှောင်စခန်း စာသင်ကျောင်းရှိ ကျောင်းသူကျောင်းသား ၈ဝ ရာခိုင်နူန်းဝန်းကျင်တွင် ယားနာရောဂါဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း ယောမြေစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်မှသိရသည်။ 

Photo - ယောမြေစစ်ရှောင်ကူညီရေးကွန်ယက်
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စန်းမြို့စစ်ဘေးရှောင်စခန်းကို  ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဆေးဝါးကုသမှုပေးခဲ့ပြီး လိုက်ပါဆောင်ရွက်စဉ် ယားနာ အဖြစ်များသည်ကို တွေ့ရှိခဲ့ကြောင်း ဌင်းကွန်ရက်မှထုတ်ပြန်သည်။ 

"စစ်ရှောင်စခန်း စာသင်ကျောင်းက ကျောင်းသူကျောင်းသား ရှစ်ဆယ်ရာခိုင်နူန်းဝန်းကျင်ဟာ ယားနာဖြစ်ပွားနေကြတာပါ။ ယားနာဖြစ်ပွားတာဟာ ရေကြောင့်လို့ ယေဘုယျ ယူဆကြပါတယ်" ဟု ယောမြေစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်ကပြောသည်။ 

ယားနာဖြစ်ပွားရသည့် အကြောင်းအရင်းကို မဖြေရှင်းနိုင်ခင် ကျောင်းသူကျောင်းသားများအား ယားနာသက်သာစေဖို့ ဆပ်ပြာ အခဲ ၂၄၀ ကို ဇန်နဝါရီ ၁၂ ရက်နေ့၌ ပေးလှူခဲ့ကြောင်း ဌင်းကွန်ယက်မှသိရသည်။ 

Bagan News 


Comments