Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဝက်လက်မြို့နယ် တိုက်ပွဲတွင် တပ်မ ၃၃ မှစစ်သား ၂ဝ ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အင်အား ၇ဝ ခန့်ပါ တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်း ကိုကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၂ဝ ကျော် သေဆုံးကာ ၃ ဦး အရှင် ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း မှထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသော တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်း အားရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း နှင့် ပူးပေါင်းအဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့ခြင်းဖြစ်သည်။

ဌင်းတိုက်ပွဲမှ MA 1 ငါးလက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးမြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံး နှင့်အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပစ်ကူ ပေးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း မှထုတ်ပြန်သည်။


ဌင်း တိုက်ပွဲတွင် ပူးပေါင်း အဖွဲ့ ဘက်မှ တော်လှန်ရေး ရဲဘော် ၅ ယောက် မစိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးနေသော လက်ကျန် စစ်ကောင်စီတပ်သားများအား လိုက်လံ ရှင်းလင်းလျှက် ရှိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း မှထုတ်ပြန်သည်။

အုန္နဲဘုတ်ရွာ တိုက်ပွဲ အား ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့ ၊တပ်ရင်း ၁၈ တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့၊ တပ်ခွဲ(၃) ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ(၄)ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြ ကြောင်းသိရသည်။

ဓာတ်ပုံ - ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၊

Comments