Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ငဖဲမြို့ မျှော်စင်ရွာ တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

 မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မျှော်စင်ရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) တပ်ဖွဲ့မှထုတ်ပြန်သည်။

Photo -  PRA-Magway

မျှော်စင်ရွာ အနောက်ဘက်၌ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့်လှည့်ကင်းထွက်လာသော စစ်ကောင်စီအင်အား (၆) ဦးခန့်ကို ၂၀၂၅ ဇန်နဝါရီ (၃) ရက်နေ့ ညနေ (၅) နာရီခန့်တွင် PRA-Magway တပ်ဖွဲ့မှခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီထံမှ MA-3 အမျိုးအစား လက်နက်ငယ် (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်နေ့တွင်လည်း ပဒါန်းမှတက်လာသော အင်အား (၁ဝဝ) ခန့်ပါစစ်ကား (၄) စီးနှင့် ကားသေး (၁) စီးတို့အား ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအထက် မီတာ (၁ဝဝဝ) ခန့်အကွာ၌ မိုင်း ၉ လုံးဖြင့်  PRA-Magway တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ 

ဌင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီစစ်ကား (၁) စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ (၄) ဦး သေဆုံးကာ (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ၂ဝ၂၄ နိုဝင်ဘာ (၂၉) ရက်နေ့တွင် (၁) ဦး၊ ၂ဝ၂၄ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် (၃) ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးထိန်းသိမ်း ထားကြောင်းPRA-Magway တပ်ဖွဲ့ မှသိရသည်။

Bagan News 

Facebook    Youtube  Telegram



Comments