Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ငဖဲမြို့ မျှော်စင်ရွာ တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

 မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မျှော်စင်ရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) တပ်ဖွဲ့မှထုတ်ပြန်သည်။

Photo -  PRA-Magway

မျှော်စင်ရွာ အနောက်ဘက်၌ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့်လှည့်ကင်းထွက်လာသော စစ်ကောင်စီအင်အား (၆) ဦးခန့်ကို ၂၀၂၅ ဇန်နဝါရီ (၃) ရက်နေ့ ညနေ (၅) နာရီခန့်တွင် PRA-Magway တပ်ဖွဲ့မှခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီထံမှ MA-3 အမျိုးအစား လက်နက်ငယ် (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်နေ့တွင်လည်း ပဒါန်းမှတက်လာသော အင်အား (၁ဝဝ) ခန့်ပါစစ်ကား (၄) စီးနှင့် ကားသေး (၁) စီးတို့အား ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအထက် မီတာ (၁ဝဝဝ) ခန့်အကွာ၌ မိုင်း ၉ လုံးဖြင့်  PRA-Magway တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ 

ဌင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီစစ်ကား (၁) စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ (၄) ဦး သေဆုံးကာ (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ၂ဝ၂၄ နိုဝင်ဘာ (၂၉) ရက်နေ့တွင် (၁) ဦး၊ ၂ဝ၂၄ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် (၃) ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးထိန်းသိမ်း ထားကြောင်းPRA-Magway တပ်ဖွဲ့ မှသိရသည်။

Bagan News 

Facebook    Youtube  Telegram



Comments