Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် ပြည်သူ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာများအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ညနေခင်း ၃ နာရီအချိန်တွင် စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း တောင်ယာမှပြန်လာသည့် ဒေသခံအမျိုးသမီး ၃ ဦးအနက် သားအမိ ၂ ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ ဌာနချုပ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - PNLA

Bagan News 


Comments