Skip to main content

Latest News

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။  မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS 

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက် လက်နက် ၄၅ လက် ရရှိ

 စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး သည့် စစ်ကောင်စီအင်အား (၇၇) ဦးပါ အမှတ် (၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ လက်နက် (၄၅) လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှထုတ်ပြန်သည်။ 

၎င်းစစ်ကောင်စီစစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

စစ်ကောင်စီစစ်ကြောင်းထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၅) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှထုတ်ပြန်သည်။ 

စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာခဲ့ပြီး  ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ ဌင်းစစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့ကလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။  

အုန္နဲဘုတ်ရွာတိုက်ပွဲတွင်  စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်း မှ ၂ဝ  ကျော် သေဆုံးကာ ၃ ဦး အရှင် ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း မှထုတ်ပြန်သည်။ 

ဓာတ်ပုံ -အမှတ် (၁) စစ်ဒေသ

Bagan News 

Website   https://www.bagannews.org/

Facebook https://www.facebook.com/Bagannewstv 

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Comments