Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက် လက်နက် ၄၅ လက် ရရှိ

 စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး သည့် စစ်ကောင်စီအင်အား (၇၇) ဦးပါ အမှတ် (၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ လက်နက် (၄၅) လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှထုတ်ပြန်သည်။ 

၎င်းစစ်ကောင်စီစစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

စစ်ကောင်စီစစ်ကြောင်းထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၅) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှထုတ်ပြန်သည်။ 

စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာခဲ့ပြီး  ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ ဌင်းစစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့ကလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။  

အုန္နဲဘုတ်ရွာတိုက်ပွဲတွင်  စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်း မှ ၂ဝ  ကျော် သေဆုံးကာ ၃ ဦး အရှင် ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း မှထုတ်ပြန်သည်။ 

ဓာတ်ပုံ -အမှတ် (၁) စစ်ဒေသ

Bagan News 

Website   https://www.bagannews.org/

Facebook https://www.facebook.com/Bagannewstv 

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Comments