Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး လွတ်မြောက်

ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းသား (၅၈၆၄ ဦး)အား လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး သာလွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

စစ်ကောင်စီက လွှတ်ပေးသည့်အထဲ၌ ၅ဝ၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား(၆ဝဝ)ဦးခန့်ပါဝင်ကြောင်း ပြောဆိုခဲ့သော်လည်း ဌင်းအရေအတွက်ထက် များစွာ လျော့နည်းသည်ကို တွေ့ရှိရကြောင်း PPNM ကပြောသည်။


မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်(၄၀)ကျော်အား စောင့်ကြည့်ကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား (၂၀၈)ဦး အကျဉ်းသူ (၁၃၁)ဦး စုစုပေါင်းနိုင်ငံရေးအကျဉ်းသား(၃၄၄)ဦး သာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်း ဖုံးကွယ်ခဲ့ကြောင်း PPNM မှထုတ်ပြန်သည်။ 

၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိပြီး ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး(၁၄၈)ဦးရှိခဲ့ကြောင်း PPNM မှ ထုတ်ပြန်သည်။ 

ဓာတ်ပုံ -PPNM 

Bagan News 

Website   https://www.bagannews.org/

Facebook https://www.facebook.com/Bagannewstv 

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Comments