Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အမ်း-ပဒါန်း ကားလမ်းမအနီးတွင် စစ်ကောင်စီတပ်သား အလောင်းအမြောက်အမြားတွေ့

 ရခိုင်ပြည်နယ် ၊ အမ်းမြိုနယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေပြီး အမ်း-ပဒါန်း ကားလမ်းမအနီးတွင် စစ်ကောင်စီတပ်သား များသေဆုံးခဲ့ကာ အလောင်းအမြောက်အမြားရရှိကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

အမ်းမြို့နယ်၊ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ စစ်ကောင်စီ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲဝင်များပါဝင်သည့် တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Photo - AA 
စစ်ကောင်စီတပ်များမှ  အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေရကြောင်း၊တပတ်ကျော် ကြာတိုက်ပွဲများအတွင်း အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားလည်း သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA ကထုတ်ပြန်သည်။ 

ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်တွင် AA ကသိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များတွင် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့်  ပစ်ခတ်တိုက်ခိုက်နေပြီး လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေကြောင်း AA ကထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ (၂ဝ) ရက်၊ တွင်   စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာရှိ စစ်ကောင်စီတပ်မှ တဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားလူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တိုတွင် စစ်ကောင်စီ နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း AA ကထုတ်ပြန်သည်။ 

ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော စစ်ကောင်စီ၏လက်နက်ခဲယမ်းများ၊ စစ် အသုံးအဆောင်ပစ္စည်းများနှင့် စစ်သုံ့ပန်း။

Bagan News 



Comments