Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ ဗုံးကြဲခြင်း‌ကြောင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာ နေအိမ်များပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီစုံရွာအား စစ်ကောင်စီက ဒရုန်းအသုံးပြုကာ  ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်  အိမ် ၂ လုံးနှင့်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့မှထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၉နာရီအချိန်တွင် စစ်ကောင်စီသည် ဒရုန်းဖြင့် ပအိုဝ်းကျေးရွာဖြစ်သည့် ထီစုံကျေးရွာကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တိုက်ခိုက်ခြင်းကြောင်း မီးလောင်နေသည့် နေအိမ်ကို PNLA တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။

Photo - PNLA

စစ်ကောင်စီသည်  ထီစုံကျေးရွာကို ဒရုန်း နှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လက်ရှိအချိန်ထိ နေအိမ် စုစုပေါင်း ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA တပ်ဖွဲ့မှထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး  ဆေးခန်း ၁ ခု ထိခိုက်ပျက်စီးခဲ့သည်။ 

Bagan News 


Comments