Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ ဗုံးကြဲခြင်း‌ကြောင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာ နေအိမ်များပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီစုံရွာအား စစ်ကောင်စီက ဒရုန်းအသုံးပြုကာ  ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်  အိမ် ၂ လုံးနှင့်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့မှထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၉နာရီအချိန်တွင် စစ်ကောင်စီသည် ဒရုန်းဖြင့် ပအိုဝ်းကျေးရွာဖြစ်သည့် ထီစုံကျေးရွာကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တိုက်ခိုက်ခြင်းကြောင်း မီးလောင်နေသည့် နေအိမ်ကို PNLA တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။

Photo - PNLA

စစ်ကောင်စီသည်  ထီစုံကျေးရွာကို ဒရုန်း နှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လက်ရှိအချိန်ထိ နေအိမ် စုစုပေါင်း ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA တပ်ဖွဲ့မှထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး  ဆေးခန်း ၁ ခု ထိခိုက်ပျက်စီးခဲ့သည်။ 

Bagan News 


Comments