Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် ဒေသခံ ထောင်ချီ ထွက်ပြေးနေရ

 စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ  ဒေသခံ ထောင်ချီ တောတောင်ထဲ ထွက်ပြေးနေရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှထုတ်ပြန်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်သည် စစ်ကြောင်းလေးကြောင်း အင်အား ၅ဝဝ ကျော်ဖြင့် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ အနီးနှင့် ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Photo - စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ။ 
ထိုသို့တိုက်ပွဲဖြစ်ပွားမှုအတွင်း ပင်ငိုကျေးရွာ၊နောင်ကျောကျေးရွာအနီးတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များဘက်မှ ၃ဝ ဦး ကျော်သေဆုံး ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။

ဖြီကျွတ်ကျေးရွာအနီး ရှိ တောင်နှစ်လုံးကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များဘက်မှ တောင်ယာထဲတွင် ၁ဝဝ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု PNLA ကဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ်  လွယ်ချယ်ကျေးရွာကို ၂ ကြိမ်တိုင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပြည်သူ ထောင်နှင့်ချီပြီး တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Bagan News 





Comments