Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ကျဆုံး

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်သည် ဇန်နဝါရီလ(၅)နေ့၌ ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှထုတ်ပြန်သည်။ 

သာယာဝတီအကျဉ်းထောင် အမျိုးသားဆောင် အဆောင်(၄)တွင် လက်နက်ပုဒ်မ ၂၃(က)ဖြင့် စစ်ခုံရုံးမှထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်(ခ)ကိုကုလားကြီးသည်  ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါကြောင့် ကျဆုံးခဲ့သည်ဟု အကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရသည်။

ဓာတ်ပုံ - PPNM

ကိုသူရအောင်အား ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၃ ရက်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးခဲ့သည်။

ဖမ်းဆီးချိန်တွင်  ကိုသူရအောင်သည် နှလုံးနှင့်ပက်သက်၍ ရောဂါမရှိပဲ ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ 

ယခုကဲ့သို့ ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့် သေဆုံးရသည်ဟူသည့် အကျဉ်းထောင်အာဏာပိုင်များ၏ပြောဆိုချက်အား မှန်ကန်မှုရှိမရှိ စီစစ်ရန်လိုအပ်ကြောင်း PPNM အဖွဲ့က ထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက  နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားလာနေကြောင်း သိရသည်။

ထောင်တွင်း၌ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်း ၊ ထောင်တွင်း ကျန်းမာရေး အရေးပေါ် ဖြစ်သည့် အခါများတွင် ဆရာဝန်များ အချိန်မှီလာရောက်ကြည့်ရှု ကုသမှု မရရှိခြင်း၊ထောင်တွင်း နာတာရှည်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပ ‌ဆေးရုံများသို့ သွားရောက်ကုသခွင့် မရခြင်းတို့ကြောင့် လစဉ် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများ အသက်ပေးနေကြရကြောင်း PPNM မှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁ဝ)ရက်နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးအကျဉ်း‌ထောင်တွင် ပုဒ်မ၅၁(ဂ)/၅၂(ခ)တို့ဖြင့်  ထောင်ဒဏ်(၁၁)နှစ် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား မျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့ခြင်းကြောင့်  ဆီးကျောက်ရောဂါကြောင့် ကျဆုံးခဲ့သည်။

Bagan News 




Comments