Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဝက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံး တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တိုက်ပွဲတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းမိကာ လက်နက် ၄၅ လက်ရရှိ ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။ 

ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး သည့် စစ်ကောင်စီအင်အား (၇၇) ဦးပါ အမှတ် (၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီအဖွဲဝင် (၄၇) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးရမိကာ (၁၇) ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

ဌင်းတိုက်ပွဲတွင် လက်နက် (၄၅) လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှ ထုတ်ပြန်သည်။ 

 ဓာတ်ပုံ -အမှတ် (၁) စစ်ဒေသ

၎င်းစစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ၊ M.Sai Naw ဒရုန်းတပ်ဖွဲ၊ Phoenix Wings ဒရုန်းတပ်ဖွဲ၊ ဝက်လက်မြိုနယ် ပကဖ ပူးပေါင်းအဖွဲတိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။ 

စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာခဲ့ပြီး  ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Bagan News 


Comments