Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဝက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံး တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တိုက်ပွဲတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းမိကာ လက်နက် ၄၅ လက်ရရှိ ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။ 

ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး သည့် စစ်ကောင်စီအင်အား (၇၇) ဦးပါ အမှတ် (၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီအဖွဲဝင် (၄၇) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးရမိကာ (၁၇) ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

ဌင်းတိုက်ပွဲတွင် လက်နက် (၄၅) လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG အမှတ်-၁ စစ်ဒေသမှ ထုတ်ပြန်သည်။ 

 ဓာတ်ပုံ -အမှတ် (၁) စစ်ဒေသ

၎င်းစစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ၊ M.Sai Naw ဒရုန်းတပ်ဖွဲ၊ Phoenix Wings ဒရုန်းတပ်ဖွဲ၊ ဝက်လက်မြိုနယ် ပကဖ ပူးပေါင်းအဖွဲတိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။ 

စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာခဲ့ပြီး  ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Bagan News 


Comments