Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဆောမြို့မရဲစခန်းမှ စစ်ကောင်စီဝင် ၅ ဦး အလင်းဝင်

 မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦး သည် ဇန်နဝါရီလ (၆) ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။ 

ဌင်းတို့သည် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသ

ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်တွင်လည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့်အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ (၄) ရက်နေ့တွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက်အရှေ့ဘက်)၌ စစ်ကောင်စီ အဖွဲဝင် (၄) ဦးအား ဖမ်းဆီးရမိပြီး MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူး၊ ဓား (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဌင်းဇန်နဝါရီလ (၄) ရက်နေ့တွင် လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် (၂) ဦးထံမှ MA-1 (၁) လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသမှထုတ်ပြန်သည်။ 

Bagan News 


Comments