Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဘီးလင်းမြို့နယ် စာသင်ကျောင်းအား အသေခံဒရုန်းဖြင့် စစ်ကောင်စီ ပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း (Suicide Drone) (၂)စင်းဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှသိရသည်။

ယမန်နေ့ ၊ဇန်နဝါရီလ (၁၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း ဖြင့်ပစ်ခတ်ခဲ့ရာ ဒရုန်း တစင်းမှာ စာသင်ကျောင်းဆောင်‌ ခေါင်မိုးအား ထိမှန်ခဲ့ပြီး နောက်တစင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေးတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

၎င်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး စာသင်ကျောင်းကိုလည်း ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

အထက်ပါ အသေခံဒရုန်း(Suicide Drone) (၂)စင်းသည် ခန့်မှန်ချက်အရ ကမမောင်း စစ်ကောင်စီတပ်စခန်းဖက်မှပျံသန်းခြင်း ဖြစ်နိုင်ပြီး ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ကေအဲန်ယူ - ဒူးသထူခရိုင်

Bagan News 



Comments