Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဘီးလင်းမြို့နယ် စာသင်ကျောင်းအား အသေခံဒရုန်းဖြင့် စစ်ကောင်စီ ပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း (Suicide Drone) (၂)စင်းဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှသိရသည်။

ယမန်နေ့ ၊ဇန်နဝါရီလ (၁၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း ဖြင့်ပစ်ခတ်ခဲ့ရာ ဒရုန်း တစင်းမှာ စာသင်ကျောင်းဆောင်‌ ခေါင်မိုးအား ထိမှန်ခဲ့ပြီး နောက်တစင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေးတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

၎င်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး စာသင်ကျောင်းကိုလည်း ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

အထက်ပါ အသေခံဒရုန်း(Suicide Drone) (၂)စင်းသည် ခန့်မှန်ချက်အရ ကမမောင်း စစ်ကောင်စီတပ်စခန်းဖက်မှပျံသန်းခြင်း ဖြစ်နိုင်ပြီး ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ကေအဲန်ယူ - ဒူးသထူခရိုင်

Bagan News 



Comments