Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၆ လောင်း တွေ့ရှိ

 စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆)လောင်းတွေ့ရှိပြီးလုယက်ဓားပြတိုက်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ (၉)ရက်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း (၂)လောင်း၊ ဒီဇင်ဘာ (၁၂)ရက်မှ ရုပ်အလောင်း (၃)လောင်းနှင့် ဒီဇင်ဘာလ (၂၅) ရက်မှ ရုပ်အလောင်း (၁)လောင်း တွေ့ရှိခဲ့ပြီး ၎င်းရုပ်အလောင်းများအားလုံးသည်  မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်းသိရသည်။ 


၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်တွင် ဟိုမွန်ရပ်ကွက်ရှိ အလှပြင်ဆိုင်တစ်ဆိုင်သို့ အမျိုးသမီးတစ်ဦးမှ ခေါင်း‌လျှော်နေစဉ် အမျိုးသားတစ်ဦးက ကားရွေ့ပေးမည်ဟုဆိုကာ ကားသော့တောင်းယူရာမှ ကားမာင်းထွက်ပြေးသွားကြောင်းသိရသည်။

ထို့အပြင် ဒီဇင်ဘာလ (၂၂)ရက်လည်း  ပစ္စည်းသွားပိုသည့် အမျိုးသမီး (၂)ဦးသည် ရွှေသမင်ကုန်းအဆင်းနားရောက်စဉ် အမျိုးသား (၂)ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်းသိရသည်။

၎င်းနောက်  ဒီဇင်ဘာလ ၂၅ရက်တွင် ကားစီးလာသည့် တရုတ်အမျိုးသား (၂)ဦးသည် ဈေးရောင်းသည့် အမျိုးသမီး (၁)ဦးထံမှ ဓားပြတိုက်ပြီး ငွေများယူဆောင်သွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲမှ ကျူးလွန်သူများကို ထိရောက်စွာအရေးယူခြင်း မရှိကြောင်း TNLA မှထုတ်ပြန်သည်။ 

Bagan News 

Comments