Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြိုင်မြို့တွင် စစ်ကောင်စီတပ်ကို ပစ်ခတ် ၄ ဦးသေဆုံး

မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်တရက်တာအတွင်း စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်-ပကဖ) မှထုတ်ပြန်သည်။

ယနေ့မနက်၁၁ နာရီခန့် အချိန်တွင် မြိုင်မြို့တွင်း  ထွေအုပ်ရုံးမှ မန်းလေးဂိတ်ဖက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား ၂ ဦးအား သတင်းအရ သွား ရောက်ပစ်ခက်ခဲ့ရာ  စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကာ MA-1 သေနတ်တလတ်နှင့် ယင်းကျည် ၁၇တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်-ပကဖ မှသိရသည်။ 

ဓာတ်ပုံ - မြိုင် ပကဖ 
ဌင်းတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့တို့က ပူးပါင်းလုပ်ဆာင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယနေ့မနက်ပိုင်းတွင် မြိုင်မြို့နယ် လင်းကတော ရဲစခန်းတွင်းမှ စစ်ကောင်စီတပ်သားများသည် လင်းကတောရွာအတွင်း မိုင်းထောင်ကာ အများပြည်သူများ၏ အစားအသောက်များကို ခိုးယူ‌ နေစဉ်  ကာကွယ်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးအနည်းဆုံး သေဆုံးခဲ့သည်။ 

လင်းကတောရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး  BA 63 သေနတ် ၂ လတ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ 

လင်းကတောရွာတိုက်ပွဲအား မြိုင် ပကဖ ၊ ပကဖ အမှတ်(၁) တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ ၊ မြိုင်ပကဖ - မြောက်ပိုင်းဇုန်  တို့က  ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Bagan News 




Comments