Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မြိုင်မြို့တွင် စစ်ကောင်စီတပ်ကို ပစ်ခတ် ၄ ဦးသေဆုံး

မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်တရက်တာအတွင်း စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်-ပကဖ) မှထုတ်ပြန်သည်။

ယနေ့မနက်၁၁ နာရီခန့် အချိန်တွင် မြိုင်မြို့တွင်း  ထွေအုပ်ရုံးမှ မန်းလေးဂိတ်ဖက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား ၂ ဦးအား သတင်းအရ သွား ရောက်ပစ်ခက်ခဲ့ရာ  စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကာ MA-1 သေနတ်တလတ်နှင့် ယင်းကျည် ၁၇တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်-ပကဖ မှသိရသည်။ 

ဓာတ်ပုံ - မြိုင် ပကဖ 
ဌင်းတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့တို့က ပူးပါင်းလုပ်ဆာင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယနေ့မနက်ပိုင်းတွင် မြိုင်မြို့နယ် လင်းကတော ရဲစခန်းတွင်းမှ စစ်ကောင်စီတပ်သားများသည် လင်းကတောရွာအတွင်း မိုင်းထောင်ကာ အများပြည်သူများ၏ အစားအသောက်များကို ခိုးယူ‌ နေစဉ်  ကာကွယ်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးအနည်းဆုံး သေဆုံးခဲ့သည်။ 

လင်းကတောရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး  BA 63 သေနတ် ၂ လတ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ 

လင်းကတောရွာတိုက်ပွဲအား မြိုင် ပကဖ ၊ ပကဖ အမှတ်(၁) တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ ၊ မြိုင်ပကဖ - မြောက်ပိုင်းဇုန်  တို့က  ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Bagan News 




Comments