မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး CDM ဆရာမ (၁)ဦး၊လူနာ (၁)ဦးသေဆုံးကာ ကျန်မားရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများအပါ အရပ်သား(၂ဝ)ဉီးကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇန်နနဝါရီလ(၂၅)ရက်တွင် ကျောက်မဲပြည်သူ့ဆေးရုံအား ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့အား TNLA ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ကျောက်မဲပြည်သူ့ဆေးရုံ အားစစ်ကောင်စီတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA ရဲဌာနနှင့် ပရဟိတ အသင်းများမှ ဝိုင်းဝန်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၉)ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။

Comments
Post a Comment