Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နှစ်ပေါင်း ၅ဝ နီးပါးရှိ ခူသေစိုး စစ်ကောင်စီတပ်စခန်းအား KNU ပူးပေါင်းတပ်သိမ်းပိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် အတွင်း နှစ်ပေါင်း (၅ဝ) နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU  တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များမှ သိမ်းပိုက်လိုက်သည်။


KNU ပူးပေါင်းတပ်များက၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံး ခဲ့ရကာ အချို့ မှာလည်း ထွက်ပြေလွတ်မြောက်သွားပြီး စခန်းအတွင်းမှ (၈၁) မမ လက်နက်ကြီး (၁) လက် အပါအဝင် လက်နက်ကြီးလက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဓါတ်ပုံ − ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ၊တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များ။(Photo - ကေအဲန်ယူ−ဗဟို)

Bagan News 

Comments