Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နှစ်ပေါင်း ၅ဝ နီးပါးရှိ ခူသေစိုး စစ်ကောင်စီတပ်စခန်းအား KNU ပူးပေါင်းတပ်သိမ်းပိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် အတွင်း နှစ်ပေါင်း (၅ဝ) နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU  တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များမှ သိမ်းပိုက်လိုက်သည်။


KNU ပူးပေါင်းတပ်များက၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံး ခဲ့ရကာ အချို့ မှာလည်း ထွက်ပြေလွတ်မြောက်သွားပြီး စခန်းအတွင်းမှ (၈၁) မမ လက်နက်ကြီး (၁) လက် အပါအဝင် လက်နက်ကြီးလက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဓါတ်ပုံ − ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ၊တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များ။(Photo - ကေအဲန်ယူ−ဗဟို)

Bagan News 

Comments