Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

KNU နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ဝဝဝ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများတွင်၂ဝ၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံးခဲ့ပြီး (၂၂၂၅) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ် ပြန်သည်။ 

ထုတ်ပြန်ချက်အရ ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါအဝင် တပ်သား (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ်ပြန်သည်။ 

ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ  ရဲဘော် (၁ဝဝ) ဦးခန့် ကျဆုံးခဲ့ပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှသိရသည်။

Bagan News 


 

Comments