Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဇန်နဝါရီလ လဝက်အတွင်း စစ်ကောင်စီ တပ်သားနှင့်ရဲ ၂၉ ဦး PDF ထံအလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း  တပ်သားနှင့်ရဲ (၂၉) ဦး အလင်းဝင်ရောက် ခဲ့ကြောင်း NUG ကထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၂) ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦး ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့သည်။   

Photo - MOD/NUG
အလားတူ ဇန်နဝါရီလ (၆) ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲဝင် (၅) ဦးသည် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်ဘောက် (၉) ခုဖြင့်  ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့သည်။

ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့သည်။ 

၎င်းတိုထံမှ ၈၀ မမ (၁) လက်၊ ၆၀ မမ (၁) လက်၊ စက်လက် (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1 ၇လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ဇန်နဝါရီလ (၉) ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်ဘောက် (၂) ခုတိုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့သည်။ 

၎င်းနေ့တွင်ပင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပိုကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို အလင်းဝင်ရောက်ခဲ့သည်။ 

ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ မှ ပြည်သူ့စစ်တပ်သား (၂) ဦးသည် MA-1 (၂) လက်၊  MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို အလင်းဝင်ရောက်ခဲ့သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား၂ ဦးသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းသို့ လက်နက်များဖြင့် အလင်းဝင်ရောက်ခဲ့သည်။ 

အဆိုပါတပ်သား ၂ ဦးသည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင်ပါဝင်ခဲ့ကြရသူများဖြစ်ပြီး ၎င်းတိုနှင့်အတူ MA-1 (၁)လက်၊ MA-3 (၁)လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး (၁) လုံး ကိုလည်း ယူဆောင်လာခဲ့သည်။

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူများထံမှ  MA–1  (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3  (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်၊  လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပိုကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး တို သိမ်းဆည်း ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည်။   

Bagan News 


Comments