Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း PNLA မှယနေ့ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာပြီး PNLA တပ်ဖွဲနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး PNLA တပ်ဖွဲဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 


ယင်းဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLA မှထုတ်ပြန်သည်။ 

ယင်းသို့ မသတ်ဖြတ်မှီ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးသည် အသက်ရှင်လျက်ရှိသည်ကို PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

သို့သော် ဇန်နဝါရီလ ၁၃ ရက်ညတွင်ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့သည်။ 

ဓာတ်ပုံတွင်ပါရှိသည့် အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။

Bagan News 


Comments