Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း PNLA မှယနေ့ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာပြီး PNLA တပ်ဖွဲနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး PNLA တပ်ဖွဲဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 


ယင်းဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLA မှထုတ်ပြန်သည်။ 

ယင်းသို့ မသတ်ဖြတ်မှီ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးသည် အသက်ရှင်လျက်ရှိသည်ကို PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

သို့သော် ဇန်နဝါရီလ ၁၃ ရက်ညတွင်ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့သည်။ 

ဓာတ်ပုံတွင်ပါရှိသည့် အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။

Bagan News 


Comments