Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်မည်ဟု TNLA ပြော

မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ နစက မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် (၆၂) နှစ်ပြည့်မြောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ တွင် TNLA က သဘောထားရပ်တည်ချက်ထုတ်ပြန်ကြေညာသည်။

၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်လိုက်သည့် တအာင်းအမျိုးသားတို့၏ တော်တန်ရေးခရီးကြီးသည် ယနေ့တွင် (၆၂) နှစ် ပြည့်ပြီဖြစ်သည်။ 

ဓာတ်ပုံ - TNLA တပ်ဖွဲ့ဝင်များ။
နှစ်ကာလ ပေါင်းများစွာ ရှည်ကြာသည့် တော်လှန်ရေးခရီးကြမ်းတွင် အသက်သွေးချွေး၊ စည်းစိမ်ဥစ္စာပေါင်းမြောက်များစွာ စွန့်လွှတ် ခဲ့ကြသော ပြည်သူများ၊ တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များအားလုံးကို  အစဉ်အမြဲဦးညွှတ် အလေးပြုပြီး သမိုင်းမှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF / TNLA မှထုတ်ပြန်သည်။

စစ်ကောင်စီသည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အုံ၊ ဈေး၊ လူနေအိမ် အစရှိသည့် အရပ်သားပြည်သူများနေထိုင်ရာကို ဦးတည်ပြီး လေယာဉ်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း TNLA ကပြောသည်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC ဦးဆောင် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်း များကို အခြေခံပြီး 'တော်လှန်ရေးကာလအစိုးရအစီအမံ'အား အတည်ပြုကာ 'ပြည်သူ့အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်းTNLA က ထုတ်ပြန်သည်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်သည့် ၁ဝ၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြိုနယ်(၁၂)အား TNLA ကထိန်းချုပ်ထားသည်။

Bagan News 


Comments