Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အကျဉ်းသား ၅၅ ဦးအား TNLA ပြန်လွတ်

ဇန်နဝါရီလ ၁၂ရက်တွင် ကျရောက်သည့် (၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား (၅၅)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄)ဦးအား ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်ဟု ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်သည်။

ထိုအကျဉ်းသားများသည် တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍  အကျဉ်းကျနေသူများဖြစ်ပြီး PSLF/TNLA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအဘုင်မှ လက်မှတ်ထိုး လွှတ်ငြိမ်းပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင်လည်း PSLF/TNLAမှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆ဝ)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

Bagan News 

Comments