Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေး ဂေဟာ ချိတ်ပိတ်ခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီမှုပေးနေသည့် AAC ရွှေ့ပြောင်း အလုပ်သမားများ ကယ်ဆယ်ရေးဂေဟာကို ဒေသခံထိုင်းအာဏာပိုင်များ မှ  ယနေ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ချိတ်ပိတ်ကြောင်းစာကပ်ခဲ့သည်။

AAC ဂေဟာအား ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ ပိတ်သိမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ချိတ်ပိတ်ကြောင်း လာရောက်စာကပ်ခဲ့ခြင်းဖြစ်သည်။

"AAC-ဂေဟာကိုဆက်လက်အသုံးပြုပါက ထိုင်းဥပဒေနှင့်အညီအရေးယူသွားဖြစ်ဖြစ်ကြောင်း ဒီကနေ့လာရောက် တားမြစ်သွားပါကြောင်း အသိပေးလိုက်ရပါတယ်" ဟု AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးကပြောသည်။ 

ဌင်းဂေဟာအား ဆက်လက် အသုံးပြုပါက (၃) လထက်မပိုသောထောင်ဒဏ်ချမှတ်နိုင်မည်ဖြစ်ပြီး (သို့မဟုတ်) ဘတ် ( ၆) သောင်းထက်မပိုသောဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ ပြစ်ဒဏ်(၂) မျိုးလုံးချမှတ်ခံရနိုင်မည်ဖြစ်သည်။ 

အကယ်၍ အလုပ်သမားများယာယီကယ်ဆယ်ရေးစခန်းအား ဥပဒေနှင့် မညီဘဲ ဆက်လက်အသုံးပြုနေပါက တစ်ရက်လျှင် ဘတ်(တစ်) သောင်း ထက်မပိုသောဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

AAC ဂေဟာတွင် ခိုလှုံနေကြသူ ၁ဝဝ ဝန်းကျင်ရှိပြီး လုပ်ခလစာ မရရှိကြသူများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားများ၊နစ်နာကြေး မရရှိထားသူများ၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြသာနာဖြစ်ပွားနေသူများ၊ MOU စနစ်ဖြင့်လာရောက်ကာ အလုပ်မရပဲ နေထိုင်ဖို့ အခက်အခဲရှိသူများ နှင့် သက်ကြီရွယ်အိုများပါဝင်သည်။ 

ကယ်ဆယ်ရေးဂေဟာတွင် လာရောက်နေထိုင်သူအများစုမှာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) နှင့် လာရောက်လုပ်ကိုင်သည့် အလုပ်သမားများ အများစုဖြစ်သည့် အတွက် အကူအညီရရှိစေရန် မြန်မာသံရုံး သို့ပို့ဆောင်လိုက်ကြောင်း AAC မှသိရသည်။ 

အလုပ်သမားများအနေနှင့် မြန်မာသံရုံးနှင့် အလုပ်သမားများအား ပို့ဆောင်ပေးခဲ့ သည့် MOU အေဂျင်စီများထံမှ အကူအညီရရှိစေရန်တောင်းဆို သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူ တဦးကပြောသည်။

Bagan News 

Comments