Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေး ဂေဟာ ချိတ်ပိတ်ခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီမှုပေးနေသည့် AAC ရွှေ့ပြောင်း အလုပ်သမားများ ကယ်ဆယ်ရေးဂေဟာကို ဒေသခံထိုင်းအာဏာပိုင်များ မှ  ယနေ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ချိတ်ပိတ်ကြောင်းစာကပ်ခဲ့သည်။

AAC ဂေဟာအား ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ ပိတ်သိမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ချိတ်ပိတ်ကြောင်း လာရောက်စာကပ်ခဲ့ခြင်းဖြစ်သည်။

"AAC-ဂေဟာကိုဆက်လက်အသုံးပြုပါက ထိုင်းဥပဒေနှင့်အညီအရေးယူသွားဖြစ်ဖြစ်ကြောင်း ဒီကနေ့လာရောက် တားမြစ်သွားပါကြောင်း အသိပေးလိုက်ရပါတယ်" ဟု AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးကပြောသည်။ 

ဌင်းဂေဟာအား ဆက်လက် အသုံးပြုပါက (၃) လထက်မပိုသောထောင်ဒဏ်ချမှတ်နိုင်မည်ဖြစ်ပြီး (သို့မဟုတ်) ဘတ် ( ၆) သောင်းထက်မပိုသောဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ ပြစ်ဒဏ်(၂) မျိုးလုံးချမှတ်ခံရနိုင်မည်ဖြစ်သည်။ 

အကယ်၍ အလုပ်သမားများယာယီကယ်ဆယ်ရေးစခန်းအား ဥပဒေနှင့် မညီဘဲ ဆက်လက်အသုံးပြုနေပါက တစ်ရက်လျှင် ဘတ်(တစ်) သောင်း ထက်မပိုသောဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

AAC ဂေဟာတွင် ခိုလှုံနေကြသူ ၁ဝဝ ဝန်းကျင်ရှိပြီး လုပ်ခလစာ မရရှိကြသူများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားများ၊နစ်နာကြေး မရရှိထားသူများ၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြသာနာဖြစ်ပွားနေသူများ၊ MOU စနစ်ဖြင့်လာရောက်ကာ အလုပ်မရပဲ နေထိုင်ဖို့ အခက်အခဲရှိသူများ နှင့် သက်ကြီရွယ်အိုများပါဝင်သည်။ 

ကယ်ဆယ်ရေးဂေဟာတွင် လာရောက်နေထိုင်သူအများစုမှာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) နှင့် လာရောက်လုပ်ကိုင်သည့် အလုပ်သမားများ အများစုဖြစ်သည့် အတွက် အကူအညီရရှိစေရန် မြန်မာသံရုံး သို့ပို့ဆောင်လိုက်ကြောင်း AAC မှသိရသည်။ 

အလုပ်သမားများအနေနှင့် မြန်မာသံရုံးနှင့် အလုပ်သမားများအား ပို့ဆောင်ပေးခဲ့ သည့် MOU အေဂျင်စီများထံမှ အကူအညီရရှိစေရန်တောင်းဆို သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူ တဦးကပြောသည်။

Bagan News 

Comments