Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံး

မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီလ ၁ဝ)  နံနက်အစောပိုင်း (၁)နာရီအချိန်၌ စစ်ကောင်စတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တိုက်ခိုက်မှုကြောင့် ဒေသခံ (၅)ဦး သေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုးကုတ်မြို့အနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဗုံး (၂ဝ)ခန့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ သောကြောင့်ဒေသခံများသေဆုံးသည့် အပြင်နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှယနေ့ထုတ်ပြန်သည်။

Photo - TNLA 
စစ်ကောင်စီတပ်မှ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ထရံလုပ် လုပ်ကွက်တခုကို လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA  ရဲဌာနနှင့် ပရဟိတ အသင်းများမှ ဝိုင်းဝန်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးကုတ်မြို့အား ၁ဝ၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း TNLA မှ ၂ဝ၂၄ ခုနှစ် ဇွန်လိူင်လ (၂၅)ရက်နေ့တွင်သိမ်းပိုက်ထားခြင်းဖြစ်သည်။

မိုးကုတ်မြို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ဂေါက်ကွင်းအနီးရှိ နေအိမ် ၅ လုံးနှင့် မစိုးရိမ်ကျောင်းတိုက် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

Bagan News 






Comments