Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မုံရွာမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ကလေးများအပါ ၁၃ ဦးသေဆုံး

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ  စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း  စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။ 

တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့ လေယာဉ် တစီးဖြင့် မုံရွာ တောင်နယ်အား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ညောင်ဖြူပင်ရွာမှပြည်သူ (၃) ဦး ၊ဘုဘရွာမှ ပြည်သူ (၂)ဦး ၊ကုလားကြီး စစ်ဘေးရှောင်စခန်းမှ ပြည်သူ (၃) ဦး ၊သစ်စိမ့်ရွာမှ(၅)ဦး ၊ ကိုးရှင်းကျွန်းရွာမှကလေးငယ် တဦး စုစုပေါင်း  ပြည်သူ (၁၃) ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၃) ဦး သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူများရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။ 

Bagan News 



Comments