Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မုံရွာမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ကလေးများအပါ ၁၃ ဦးသေဆုံး

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ  စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း  စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။ 

တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့ လေယာဉ် တစီးဖြင့် မုံရွာ တောင်နယ်အား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ညောင်ဖြူပင်ရွာမှပြည်သူ (၃) ဦး ၊ဘုဘရွာမှ ပြည်သူ (၂)ဦး ၊ကုလားကြီး စစ်ဘေးရှောင်စခန်းမှ ပြည်သူ (၃) ဦး ၊သစ်စိမ့်ရွာမှ(၅)ဦး ၊ ကိုးရှင်းကျွန်းရွာမှကလေးငယ် တဦး စုစုပေါင်း  ပြည်သူ (၁၃) ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၃) ဦး သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူများရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။ 

Bagan News 



Comments