Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျိုက်ထိုမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ပြည်သူ ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီး ကျောင်းနှင့်ကျေးရွာ ဝန်းကျင်အား  ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ နံနက်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဘုန်းကြီးကျောင်းပျက်စီးကာ ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။

ဌင်းပြင် ဖေဖေါ်ဝါရီလ (၁၃)ရက်တွင် ကျောက်ဖျာကျေးနယ်အုပ်စု၊ ကော်ကပ်ရွာအား စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ တရက်ထည်းတွင် ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးနယ်အုပ်စု၊ တဂေးလောင်းချောင်းဖျားကျေးရွာရှိခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းနှင့် တဂေးလောင်းချောင်းဖျားကျေးရွာအား လေကြောင်တိုက် ခိုက်ခဲ့သည်။ 

စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်မှုကြောင့် တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်းပျက်စီးပြီး တဂေးလောင်းချောင်းဖျားကျေးရွာရှိ နေအိမ် (၁၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။ 

ဓာတ်ပုံ- စစ်ကောင်စီမှ ကော်ကပ်ကျေးရွာ၊ပိန္နဲကုန်း ကျေးရွာ အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

Bagan News 



Comments