Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ ခမရ-၅၈၄ မှ တပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံသို့ ယနေ့ ဖေဖော်ဝါရီလ(၁၇) ရက်နေ့တွင်  စစ်ကောင်စီတပ် ခမရ-၅၈၄ တပ်ရင်းမှ တပ်သား ၃ ဦး လက်နက်နှင့်အလင်းဝင်ခဲ့ကြသည်။ 

ဌင်းတပ်သားများသည် မြတ်မင်းသူ (၂၁) နှစ်၊ ဝင်းမင်းကို (၂၄)နှစ်၊ မိုးသောက်ယံ (၂ဝ)နှစ်တို့ဖြစ်ပြီး ဌင်းတို့နှင့်အတူ (MA-3 )၂ လက်၊ (MA-1) ၁ လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံး တို့ယူဆောင်လာခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

၎င်းတို့ (၃)ဦးမှာ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်း အဖြစ် အတင်း အဓ္ဓမစစ်မှုထမ်း စေခိုင်းခြင်းခံခဲ့ရသူများဖြစ်သည်။ 

လက်နက်ချအလင်းဝင် လာသည့် စစ်ကောင်စီတပ်သား (၃)ဦးအား လယ်ဒိုမြို့နယ် တာဝန်ရှိသူများနှင့် တပ်ရင်း(၉) တန်ဝန်ရှိသူများမှ တဉီးလျှင်မြန်မာကျပ်ငွေ ကျပ်(၁ဝ)သိန်းစီချီးမြင့်ခဲ့သည်။

စစ်ကောင်စီ တပ်၏မတရားဖမ်းဆီးကာ အတင်းအဓ္ဓမ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားများ အနေဖြင့်နီးစပ်ရာတိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ ထံသို့ ရရာနည်းဖြင့်လက်နက်ချ အလင်းဝင်ရန် ကေအဲန်ယူ−ဗဟိုမှ တိုက်တွန်းသည်။

ဓါတ်ပုံ − လက်နက်ချအလင်းဝင်လာသော စစ်ကောင်စီတပ်သားများ။

Bagan News 



Comments