Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ ခမရ-၅၈၄ မှ တပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံသို့ ယနေ့ ဖေဖော်ဝါရီလ(၁၇) ရက်နေ့တွင်  စစ်ကောင်စီတပ် ခမရ-၅၈၄ တပ်ရင်းမှ တပ်သား ၃ ဦး လက်နက်နှင့်အလင်းဝင်ခဲ့ကြသည်။ 

ဌင်းတပ်သားများသည် မြတ်မင်းသူ (၂၁) နှစ်၊ ဝင်းမင်းကို (၂၄)နှစ်၊ မိုးသောက်ယံ (၂ဝ)နှစ်တို့ဖြစ်ပြီး ဌင်းတို့နှင့်အတူ (MA-3 )၂ လက်၊ (MA-1) ၁ လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံး တို့ယူဆောင်လာခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

၎င်းတို့ (၃)ဦးမှာ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်း အဖြစ် အတင်း အဓ္ဓမစစ်မှုထမ်း စေခိုင်းခြင်းခံခဲ့ရသူများဖြစ်သည်။ 

လက်နက်ချအလင်းဝင် လာသည့် စစ်ကောင်စီတပ်သား (၃)ဦးအား လယ်ဒိုမြို့နယ် တာဝန်ရှိသူများနှင့် တပ်ရင်း(၉) တန်ဝန်ရှိသူများမှ တဉီးလျှင်မြန်မာကျပ်ငွေ ကျပ်(၁ဝ)သိန်းစီချီးမြင့်ခဲ့သည်။

စစ်ကောင်စီ တပ်၏မတရားဖမ်းဆီးကာ အတင်းအဓ္ဓမ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားများ အနေဖြင့်နီးစပ်ရာတိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ ထံသို့ ရရာနည်းဖြင့်လက်နက်ချ အလင်းဝင်ရန် ကေအဲန်ယူ−ဗဟိုမှ တိုက်တွန်းသည်။

ဓါတ်ပုံ − လက်နက်ချအလင်းဝင်လာသော စစ်ကောင်စီတပ်သားများ။

Bagan News 



Comments