Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နောင်ချိုတွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံး

 ရှမ်းပြည်နယ်တွင် တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး သေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညဦးပိုင်းတွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီတပ်မှ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဘူတာရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ (၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ပြည်သူ့ဆေးရုံလည်း ဗုံးထိမှန်မှုကြောင့် ဒေသခံ (၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၆) ရက်ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်အား စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် TNLA ကိုယ်စားလှယ်များသည် တရုတ်အစိုးရ စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို ရောက်ရှိနေချိန် စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အား Y-12 လေယာဉ်အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ ကူမင်းမြိုရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီလ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်ဟု TNLA ကထုတ်ပြန်သည်။ 

Bagan News 











Comments