မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ရှမ်းပြည်နယ် တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ၄ ဦးသေဆုံး ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက် ညဦးပိုင်းတွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီတပ်မှ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ (၂)ဦး ပြည်သူ့ဆေးရုံအနီး ဒေသခံ (၁)ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂ဝ ရက် ညတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာ မှ ဒေသခံ (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကားတစ်စီးနှင့် နေအိမ် (၆)လုံး ထိခိုက်ပျက်စီး ခဲ့သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်တွင်လည်း စစ်ကောင်စီတပ်မှ ဒရုန်းအသုံးပြုပြီး နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ ဘုန်းကြီးကျောင်းအား ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အများအပြား ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ ကူမင်းမြိုရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီလ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်ဟု TNLA ကထုတ်ပြန်သည်။

.jpg)
Comments
Post a Comment