Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မိုးမိတ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ဒေသခံ ၃ ဦး‌ သေဆုံး

ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၃)ဦး‌ သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နှင့် ကိုဇော်မင်းလွန် အသက်(၃ဝ)နှစ်တို့ သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နံနက်အစောပိုင်း (၁:၃ဝ)နာရီခန့်တွင်လည်း
စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။

ဓာတ်ပုံ - TNLA


Comments