Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မိုးမိတ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ဒေသခံ ၃ ဦး‌ သေဆုံး

ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၃)ဦး‌ သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နှင့် ကိုဇော်မင်းလွန် အသက်(၃ဝ)နှစ်တို့ သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နံနက်အစောပိုင်း (၁:၃ဝ)နာရီခန့်တွင်လည်း
စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။

ဓာတ်ပုံ - TNLA


Comments