မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသားလင်းထိန် ဆိုသူမှ လက်သီးဖြင့် နိုင်ငံရေးအကျဉ်းသားတဦးကို ထိုးခဲ့သည်။
ဌင်းကဲ့သို့ ဆောင်ရွက်နေစဉ် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ်(၂)ချက် ပစ်ဖောက်ခဲ့သည်။
အကျဉ်းထောင်ဝန်ထမ်း တပွင့်အရာရှိ တေဇာဝင်း ၏ မိန့်ပေးစေခိုင်းမှုဖြင့် ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ(၂)ဦးနှင့် အခြားရာဇဝတ်အကျဉ်းသား စူပါဖိုး၊အခန်းစာရေးငတိ ပါအဖွဲ့တို့မှ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။
ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား(၅)ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများမှ မတရားဖိနှိပ်မှုမပြုရန်နှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြပြီး နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၃၇) ဦးရှိပြီး ထိုအထဲမှ (၂၁၈၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှထုတ်ပြန်သည်။
Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/Bagannewstv
Telegram https://t.me/bagannews

Comments
Post a Comment