Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၆၃၅၃ ဦး ရှိလာ

 ၂ဝ၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း(၆၃၅၃) ဦး ရှိခဲ့ပြီ ဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၇၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုက  အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ဖမ်းဆီးခံရသူများအနက် မန္တလေးတိုင်းမှ (၈) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာ (၅) ဦးဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။ 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာနေ ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာနေ ကိုညီလေး၊ ဆပ်သွားကျေးရွာနေ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတဦးဖြစ်သူ ကိုချမ်းငြိမ်းအောင်နှင့် ဂျိုင်ကောက်ကျေးရွာနေ ကိုမိုးထက်ကျော်တို့သည် စစ်ဘေးရှောင်ရန်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိနေစဉ် အာရက္ခတပ်တော်(AA) နှင့် ပတ်သက်မှုရှိသည်ဟုစွပ်စွဲကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ကြောင်း အေအေပီပီကထုတ်ပြန်သည်။

ဓာတ်ပုံ - ရှမ်းပြည်နယ်၊မိုးမိတ်တွင် စစ်ကောင်စီတပ်မှဖေဖော်ဝါရီလ ၂ဝ ရက်၌ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမြင်ကွင်း။ (Photo - TNLA)

Bagan News 


Comments